{[['']]}
Openload ကနေ Video တွေကြည့်တဲ့အခါ ကြော်ငြာထထတက်တာ
တခြားဖိုင်တွေဒေါင်းချခိုင်းတာတွေ မဖြစ်အောင်ကူညီပေးမယ့် App လေးပါ။
Video မှမဟုတ်ပါဘူး Openload ကဖိုင်အားလုံးအကြုံးဝင်ပါတယ်။
ခုနောက်ပိုင်း Channel Myanmar တို့
Gold Channel တို့မှာ pCloud အစား
Openload ကိုအသုံးများလာကြတယ်။
အခြားနေရာတော်တော်များများလည်း
Openlaod ကိုအဓိကထားသုံးလာကြတယ်။
Openload က ကြော်ငြာတွေအရမ်းတက်တဲ့အတွက် ဒေါင်းတဲ့အခါ ကြည့်တဲ့အခါအလွန်
အနှောက်အယှက်ဖြစ်ရပါတယ်။
မဒေါင်းတတ်တဲ့သူတွေဆို Popup ကြော်ငြာတွေကြောင့် တခြားဖိုင်တွေဒေါင်းချပေးလာတတ်ပါတယ် 😁
အခုအဲ့ဒီပြသာကိုဖြေရှင်းဖို့ Openlaod Ad Blocker ဆိုတဲ့ App သေးသေးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဖိုင်ဆိုဒ် 1MB ခန့်သာရှိတဲ့ ဒီ App ဟာ
Openload Video တွေကိုမည်သည့်ကြော်ငြာမှမတက်ပဲ အဆင်ပြေစွာကြည့်ရှု့နိုင်ပါမယ်။
ကြည့်နေတုန်းကိုယ်သေချာကြည့်ချင်တဲ့ နေရာကိုပုံလေးတွေ Zoom ချဲ့ကြည့်သလို
ချဲ့ကြည့်နိုင်ပါသေးတယ်။
ဒေါင်းတဲ့အခါမှာလည်း ဘာ Popup မှတက်မလာတော့ပါဘူး 😉
တခြားဖိုင်တွေဒေါင်းတဲ့အခါမှာလည်းအဆင်ပြေပါတယ် 😀
Play Store မှာ Openload Ad Blocker လို့ရှာရိုက်ပြီးဒေါင်းနိုင်သလို
အောက်ပါလင့်ကနေလည်း တိုက်ရိုက်ဒေါင်းယူနိုင်ပါတယ် 😃
<< Play Store ကနေဒေါင်းရန်နှိပ်ပါ >>
<< APK တိုက်ရိုက်ဒေါင်းရန်နှိပ်ပါ >>
အသုံးပြုနည်း ========= အသုံးပြုနည်းကတော့လွယ်ပါတယ်။ Openload လင့်တခုကို Copy ကူးလာပါ။ ကိုယ်ကူးလာတဲ့လင့်က Openload လင့်မှန်ရင် လင့်ထည့်ဖို့ကွက်လပ်ထဲကို အော်တို Paste ချပေးပါလိမ့်မယ်။ ကိုယ့်ဘာသာကွက်လပ်ထဲဖိပြီး Paste ချရင်လည်းရပါတယ်။ Video ကြည့်ဖို့ဆို View ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Video ကို Zoom ချဲ့ကြည့်နိုင်ပါတယ်။ Ad လုံးဝမတက်စေပါဘူး။ ဒေါင်းဖို့ဆိုရင်လည်း Download ကိုနှိပ်ပါ။ ဖိုင်ဒေါင်းဖို့ဘာကြော်ငြာနောက်မှခေါ်သွားမှာမဟုတ်တော့ပါဘူး။
Screenshots
Post a Comment